ကျွန်တော့်ရဲ့ ပထမဆုံးသော ဘလော့ဂ် ရေးသားခြင်း
By Isaac Talb - 4 months ago
အားလုံးပဲ Isaac Talb ဘလော့ဂ် ကနေပြီး ကြိုဆိုလိုက်ပါတယ်။ ကျွန်တော့်နာမည်ကတော့ အိုင်းဇက် (Isaac) ဖြစ်ပါတယ်။ ဒီဘလော့ဂ်ကို စတင်ရတဲ့ရည်ရွယ်ချက်ကတော့ ကျွန်တော့်မှာ ရှိတဲ့ နည်းပညာဆိုင်ရာ အတွေ့အကြုံတွေ၊ ဗဟုသုတ ရနိုင်မယ့် Content တွေကို စိတ်ဝင်စားကြမယ့် ပရိတ်သတ်တွေဆီကို မျှဝေပေးဖို့ ရည်ရွယ်ထားပါတယ်။
ကျွန်ုပ်ရဲ့ ဘလော့ဂ်မှာ Laravel Framework, VPS Configuration, Web Development စသဖြင့် Trending ဖြစ်နေတဲ့ နည်းပညာသတင်းတွေအပြင်၊ အချိန်ရရင် ရသလို Tutorial Blogs တွေလဲ ဖော်ပြသွားဖို့ရည်ရွယ်ပါတယ်။ ဖတ်ရှုကြမယ့် ပရိတ်သတ် (audience) ပဲ ဗဟုသုတရသွားမျိုးမဟုတ်ပဲ ကျွန်တော်ကိုယ်တိုင်ပါ အသိပညာပိုမိုတိုးတက်သွားဖို့ လေ့လာမှုပိုအားကောင်းသွားဖို့ ဒီရဲ့ website မှာ စဉ်ဆက်မပြတ် ရေးသားသွားမှာဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာနှစ်မျိုး မတူညီတဲ့ရှုတောင့် တွေ အခင်းအကျင်းတွေနဲ့ ရေးသား ဖန်တီးပေးသွားမှာဖြစ်ပြီး၊ Audience တွေရဲ့ Knowledge တွေအသိပညာတွေကို အတူတူ တိုးတက်နိုင်ဖို့ မျှော်လင့်ပါတယ်။
အကြောင်းအရာအသစ်တွေကို ရိုးရှင်းသောပုံစံနှင့် စနစ်တကျ ဖော်ပြနိုင်အောင် ကြိုးစားသွားပါမယ်။ ကျွန်တော့်ရဲ့ ဘလော့ဂ်အကြောင်းအရာတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့ Contact Message ကနေပြီးတော့ Submit လုပ်နိုင်ပါတယ်။ အပတ်စဥ် (သို့) လစဥ် newsletter အနေနဲ့ Email ကနေတဆင့် ပို့ပေးသွားမှာဖြစ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်၊
အိုင်းဇက်
← Back to Blog Lists